ခရစ်ယာန် မိတ်ဿဟာယ ဆိုသည်မှာ

by - November 12, 2017

နိဒါန်း။
မြန်မာ ဆိုရိုးစကား  အကြံတူ၊ ရန်သူ ဆိုသည့် စကားနှင့် ဆန့်ကျင်ဖက် ဖြစ်သော စည်းလုံးခြင်း သည် ခွန်အားမိတ်သဟာယ (သို့) သဟာယ “fellowship”ကို လူမှုအဖွဲ့ အစည်း၏ အလွှာတိုင်း တွင် တွေ့နိုင် ပါသည်။ ရည်ရွယ်ချက် တစ်ရပ် အထ မြောက်ရန် စိတ်တူ ကိုယ်တူ ပူးပေါင်း လက်တွဲ ဆောင်ရွက် သည့် လူ့အဖွဲ့၊ လူအုပ်စု၊ လူမှုအဖွဲ့ အစည်းကို ဆိုလိုသည်ဟု နားလည် ရပါသည်။ ယင်းကို အောက်ပါ အတိုင်း အဓိပ္ပါယ် ဖွင့်ဆိုထား ပါသည်။     
-တူညီသော စိတ်ဝင်စား မှုနှင့် ရည်ရွယ် ချက်အား အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လူ့မှုအဖွဲ့ အစည်း။
-တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်း နှီးစွာ အကျိုး စီးပွား(သို့) ခံစားချက် များကို မျှဝေ ပေါင်းသင်း ဆက်ဆံသော
လူ့အဖွဲ့အစည်း။

မိသဟာယ အဖွဲ့ တစ်ဖွဲ့ ဆိုသည်မှာ မိမိတို့၏ ဘုံယုံကြည်ချက်၊ ဘုံစိတ်ဝင်စားမှု များအား မျှဝေသော လူ့အဖွဲ့ အစည်းပင် ဖြစ်ပါသည်။ ဥပမာ၊- မြို့တစ်မြို့၌ ရှိသော ဇာထိုး ပန်းထိုး သူများ မိတ်သဟာ ယအဖွဲ့သည် အပတ်စဉ် မိမိတို့ ချိန်းချက် ထားသော ကော်ဖီဆိုင် တစ်ဆိုင်၌ တွေ့ဆုံလေ့ရှိပြီး၊ ကိုယ်တတ် ထားသော ဇာထိုးနည်း စနစ်များနှင့် ဒီဇိုင်းသစ် များကို တစ်ဦးနှင့် တစ်ဦး အတူတကွ ဖယ်လှယ် ကြသည်။ (ပြင်ပလော ကရှိ မိတ်သဟာရ အဖွဲ့အစည်းများနှင့် မတူပါ။)

          John Westly ပြောဘူးသောစကားတစ်ရပ်မှာ သမ္မာကျမ်းစာသည် တစ်သီးပုဂ္ဂလကျင့်ကြံသည့် တရားနှင့် အကျွမ်းမဝင်ပါဟု ဆိုထားပါသည်။ ခရစ်ယာန်ဘာသာသည် မိတ်သဟယဖွဲ့သည့် ဘာသာဖြစ် ပါသည်။ (ကမ္ဘာ၊၂း၁၅-၁၇။ ၁း၂၆-၃၀) ငါတို့ပုံ သဏ္ဍာန်နှင့် တညီ တသဏ္ဍာန် တည်း လူကိုဖန် ဆင်းကြစို့ ဆိုသည့် အချက်သည် ဘုရားသခင်မှ လူကိုဖန် ဆင်းရခြင်း၏ ရည်ရွယ် ချက်သည် ဘုရားနှင့် လူမိတ်သဟာယ ဖွဲ့ရန်ဖြစ်သည်။ လူကိုဖန်ဆင်းစက လူနှင့်ဘုရား မိတ်သဟာယ ဖွဲ့ခြင်းရှိ ခဲ့ပါသည်။ ဓမ္မဟောင်း ကာလတွင် လည်းဘုရား သခင်သည် လူတို့ထံမှ မိတ်သဟာရ ယဇ်ပူဇော်ရန် ပညတ်ထား သေးသည်။ ထိုသို့ ဘုရားနှင့် လူတို့၏ ပျက်စီးသွားသော မိတ်သဟာယ အား ဓမ္မသစ်ကာလတွင် ခရစ်တော်အားဖြင့် ပြန်လည်တည် ဆောက်ခဲ့သည်(ဧဖက်၊၂း၁၅)။ ထို့ကြောင့် ခရစ်ယာန် ဘာသာသည် မေတ္တာ၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဆက်ကပ်ပူ ဇော်ခြင်းများ ပါဝင်သော မိတ်သဟာ ယဖြစ်ပြီး၊ ယင်းမိတ်သဟာ ယဖွဲ့ခြင်းကို ယုံကြည် သူများနှင့် ဖွဲ့စည်း ထားသော အသင်းတော်တွင်း ပေါင်းသင်းဆက် ဆံမှုများ၌ မြင်တွေ့နိုင် ပါသည်။ ထို့ကြောင့် ခရစ် ယာန်မိတ်သ ဟာရဖွဲ့ခြင်း သည် ဘုရားမှ အစပြုသော၊ ဘုရားမှပေး ဆပ်ထူ ထောင်သော အဖွဲ့အစည်းနှင့် မဟာစီမံကိန်း လုပ်ငန်းဖြစ်သည်။ သို့ဖြစ်ရာ ခရစ်ယာန် တို့အနေဖြင့် မိတ်သဟာရဖွဲ့ခြင်း၊ လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ရေးဆွဲခြင်း၊ အကောင် အထည်ခြင်းများ ပြုလုပ်သည့် အခါတိုင်း ထိုအနှစ်သာရ အပေါ် အခြေခံပြီး လုပ်ဆောင်ရန် အကြံပြုပါသည်။

တစ်ခါတစ်ရံ ခရစ်ယာန်များ အနေဖြင့် ငါတစ်ယောက် ထဲဘဲ ငါ့ကိုဂရုစိုက် တဲ့သူလည်း တစ်ယောက် မှမရှိပါဘူးဆိုသည့် လွဲမှားသည့် ခံယူချက်များဖြင့် ပါဝင်ဆက်ကပ် နေသောကဏ္ဍ များမှ စွန့်လွှတ်သွား သူများ လည်းတွေ့ရ တတ်ပါသည်။ အချို့မှာလည်း အသင်းတော်လုပ် ငန်းများနှင့် မိတ်သဟာရ အဖွဲ့များအပေါ် ထဲထဲဝင်ဝင် အာရုံစိုက် ဖို့မလိုပါဘူး... ငါပါလည်းဘာမှထူးခြား လာမှာ မဟုတ်ပါဘူး..ဟုဆိုကာ မိတ်သ ဟာရအဖွဲ့ များတွင် မပါဝင်ပဲ၊ သီးခြားနေ ထိုင်ကြသူများ လည်းရှိ ပါသည်။ ရှိပါသေးသည်.. ကိုယ်နဲ့ဘုရား ရှိနေယင်ပြီးတာပဲ၊ အခြားသူတွေ လိုသေး လို့လားဟု ခံယူအသက် ရှင်ကြပါသည်။ ခရစ်ယာန်များကို ဤကဲ့သို့သော နည်းပရိယယ် များဖြင့် စာတန်က စည်းရုံးသိမ်း သွင်းရန် အစဉ်ကြိုးစား အားထုတ် နေကြောင်း သတိပြုစေ လိုပါသည်။ ဤကဲ့သို့သော စကားသံများ သင်ကြား ရပြီဆိုလျှင် အာဒံနှင့် ဧဝအား စာတန် ချဉ်းကပ်ခဲ့ပုံကို အမှတ်ရပါ။ ဘုရား သခင်သည် သူ၏ပုံသဏ္ဍန်နှင့် တညီတည်း ဖန်ဆင်း ထားခြင်းသည် ထိုလူသားတို့နှင့် မိတ်သဟာရဖွဲ့ရန် အဓိကဖြစ်ပြီး၊ စာတန်မှာ ထိုမိတ်သဟာ ရဖွဲ့ခြင်းကို ပျက်စီးအောင် အဓိကထား ကြိုးပန်းနေသော ရန်သူဖြစ်သည်။ သမ္မာကျမ်းစာက ခရစ်ယာန် တစ်ယောက်ဟာ အသက် ကျောက်များ ကဲ့သို့ အဆင့်ဆင့် အထပ်ထပ်တည် ဆောက်လျှက် ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏ ” (၁ပေ၊၂း၅။ ဧဖက်၊၂း၂၀-၂၂)။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ နှင့်ဆိုင်သော အိမ်တော်ထဲ၌ ဘုရားသခင်နှင့် အတူတည် ဆောက် နေသော အသက် ကျောက်များ ဖြစ်ကြပါသည်။

၂၀၁၅-ခုနှစ်အတွင်း အမေရိကန် နိုင်ငံတွင် တစ်နှစ်တစ်နှစ် အသင်းတော်ပေါင်း (၁၅၀၀)ကျော် ကျဆင်းလျှက် ရှိကြောင်း၊ ၂၀၁၅-ခုနှစ်အထိ ဥရောပ၌ အသင်းတော်ပေါင်း (၄၀၀၀)ခန့်၏ ဗိမာန်တော် များအား ရောင်းချ လိုက်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ကျဆင်း သွားရသည့် အကြောင်း အရင်း များအနက် မိတ်သဟာရ ဖွဲ့မှုအား နည်းသွားခြင်း သည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။

စစ်မှန်သောခရစ်ယာန်တစ်ဦးသည် အချင်းချင်းလိုအပ်မှု ရှိနေရပါမည်။ ယုံကြည်သူခရစ်ယာန်ဆို သည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တည်မီလျှက်ရှိပါသည်။


၁။ဝေါဟာရအနက်အဓိပ္ပါယ်။
သမ္မာကျမ်းစာမှ မိတ်သဟာ ရဖွဲ့ခြင်း “Fellowship”သည် Greek ဝေါဟာရ “koinonia” အား ပြန်ဆိုထား ခြင်းဖြစ်ပြီး၊ အနက်မှာ ဘုံစနစ် (တမန်၊ ၄း၃၂)၊ အတူတကွ စားသောက်ခြင်း “communion”မျှဝေခြင်း “sharing” ဟူသော အဓိပ္ပါယ်ရှိသည် (တမန်၊၂း၄၂။ ၁ယော၊ ၁း၇)။ ယင်းဝေါဟာရနှင့် ဆင်တူသော အခြား Greek ဝေါဟာရ များဖြစ်သော “philos” (အပေါ်ယံ ချစ်ဟန် ဆောင်ပြီး ဆက်ဆံခြင်း) ၊ “hetairos” (ရှယ်ယာ ထည့်ဝင်ပြီး အကျိုး အမြတ်ရရန် အလုပ် တစ်ခုအား အတူတကွ လုပ်ဆောင်ခြင်း)၊ “sunergos” (လုပ်ငန်းရှယ်ရာအဖွဲ့)၊ “metochos” (အဖွဲ့တစ်ခုခု၌ အဖွဲ့ဝင် တစ်ဦး အဖြစ်ပါ ဝင်ခြင်း) စသည့် Greek ဝေါဟာရများရှိေသော်လည်း “koinonia” ဝေါဟာရကို အသုံးပြု ထားခြင်း သည်ပင် အပေါ်ယံမဟုတ်၊ အတွင်း သဘော ကိုဆောင်သော နက်နဲသော မိတ်သဟာရ ဖွဲ့ခြင်း၊ လေးနက်သည့် အဓိပ္ပါယ် ရှိကြောင်း သိသာထင်ရှား လှပါသည်(၁ကော၊၁း၉)။ မိတ်သဟာရ ဖွဲ့ခြင်းသည် အဓိကအားဖြင့် ခရစ်တော်နှင့် ကျွနု်ပ်တို့၏ ဝိညာဉ်ဆက် သွယ်ပြီး၊ အတွင်းစိတ် အတွင်း သဘောဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။


၂။မိတ်သဟာယဖွဲ့ခြင်းနှင့် သမ္မာကျမ်းစာအမြင်သဘောထား။

ဝိညာဉ်မိတ် သဟာယဖွဲ့ခြင်း (Fellowship of the spirit) Koinonia  (Fellowship) မိတ်သဟာ ရဖွဲခြင်း ဝေါဟာရအား ဓမ္မသစ်ကျမ်း ထဲတွင် (၁၉)ကြိမ်အသုံး ပြုထားပါသည်။ ထို့အတူ contribution, sharing, and participation ဆိုသည့် ပြန်ဆိုထား သည်ကိုလည်း တွေ့ရပါသည်။ ဆိုလိုသည်မှာ ဝေါဟာရ နှင့် လုပ်ဆောင်ချက် တို့သည် အစဉ်ဒွန်တွဲ လျက်ရှိပါသည်။ ထို့ကြောင့် အတူတကွ ပါဝင်ပြီးဖွဲ့ စည်းခြင်းနှင့် အတူတကွ လုပ်ဆောင်ခြင်း (not only being together but doing together)။ ဤအချက် သည် မျက်မှောက် အသင်းတော် များအတွက် သတိပြု ရန်ဖြစ်သည်။ အချို့အသင်း တော်များသည် မိတ်သဟာရ အဖွဲ့များဖွဲ့ စည်းကြပြီး doing together မရှိကြပေ။ (၂ကော၊ ၁၃း၁၄။ ဖိလိပ္ပိ၊၂း၁)တွင် မိတ်သဟာ ရဖွဲ့ခြင်း၏ အနှစ်သာရအား အတွင်းကျကျ (inner being together, outer doing together) မိတ်ဖွဲ့ဆက်ဆံ ပေါင်းသင်း လုပ်ဆောင်ခြင်းဟု အသားပေး ဖေါ်ပြထား ပါတယ်။

Inner being သည် ကျွန်ုပ်တို့၏ စိတ်(mind)၊ နှလုံးသား(heart)၊ ဝိညာဉ်(spirit) မှထွက်ပေါ်လာ သောခံယူချက်သဘောထားဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်းသည် ခရစ်တော်၌ခိုင်မြဲစွာဗဟိုပြုလျှက် ယုံကြည် သူများအကြား ထားရှိရမည့်စရိုက်ဖြစ်ပါသည်။ ပြင်ပလောကရှိ မိတ်သဟာယသည် အတူစိတ်ဝင် စားမှု (interest)၊ တူညီသောရည်ရွယ်ချက် (objective)၊ တူညီသောခံယူချက်(idea) များဖြင့် ဖွဲ့စည်းလုပ် ဆောင်ခြင်းဖြစ်ပြီး၊ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းများ ပါဝင်ချင်မှပါဝင်ပါလိမ့်မည်။ ခရစ်ယာန်မိတ် သဟာယသည် မိသားစုတွင်း(သို့) ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများနှင့်ဆက်ဆံသည့် မိတ်သဟာယ သဘောထားထက် များစွာလေးနက်လှပါသည်။ ခရစ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်းကို အသင်းတော်မှလွဲပြီး မည်သည့်နေရာ၌မှ မရရှိနိုင်ပေ။

ကျွန်ုပ်တို့သည် ခရစ်တော်နှင့် မိတ်သဟာရ ဖွဲ့ပြီးသည်နှင့် တစ်ပြိုင်နက် ခရစ်တော်၏ ကိုယ်ခန္ဒာတော် ၏အင်္ဂါ အစိတ်အပိုင်း (being part) တစ်ခုဖြစ်လာပြီး၊ ခရစ်တော်နှင့် (doing with)အတူတစ်ကွ လုပ်ဆောင် မှုများလည်း ရှိလာပါသည်။ ဤအချက်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ အလိုတော်ပြည်စုံခြင်း အမှုတော် မြတ်အတွက် ခရစ်တော်နှင့် ပေါင်းဖော် တွဲဖက်လုပ် ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ မိတ်သဟာရ ဖွဲ့ခြင်း ဆိုသည်မှာ အရာရာ၌ အတူတကွ ပူးပေါင်း ပါဝင်လျှက် လုပ်ဆောင် ခြင်းမျိုး မဟုတ်ပါ။ ဘုရားသခင်၏ အလို တော်တစ်ခု တည်းကိုသာ အတူတကွ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အခြားသူများ နှင့်လည်း ခရစ်တော်နှင့် မိတ်သဟာရဖွဲ့သကဲ့သို့ မိတ်သဟာရဖွဲ့ပြီး တစုတစည်း လုပ်ဆောင်ဖို့ လည်းလိုအပ်ပါ သည်။ ကျွန်ုပ်တို့ လုပ်လေ့လုပ်ထရှိသော ယုံကြည်သူများ စုစည်းလျှက် မိတ်သဟာရ ဖွဲ့ဘောလုံးကစားခြင်း၊ မိတ်သဟာယဖွဲ့ စားသောက်ခြင်း၊ လေ့လာရေးခရီးထွက်ခြင်း အစရှိသော မိတ်သဟာရ ဖွဲ့မှုများသည် သက်တောင့်သက် သာရရန်၊ စိတ်အပန်းဖြေဖို့ ပို၍ရင်းနှီး ျွမ်းဝင်ရန် အစရှိသော ရည်ရွယ်ချက်များကို အဓိကထားလုပ်ဆောင် ခြင်းဖြစ်ပြီး၊ပြည့်ဝသောစုံလင်သော ခရစ်ယာန် မိတ်သဟာရ ဖွဲ့ခြင်း၏ဆိုလိုရင်းသို့ မရောက်သေး ကြောင်းနား လည်ရပါသည်။ သမ္မာကျမ်းစာ မှဖေါ်ပြထားသော မိတ်သဟာရဖွဲ့ခြင်း ဆိုသည်မှာ ဘုရားသခင်၏အလိုတော် (ယော၊၆း၃၉) ပြီးပြည့်စုံရန်အလို့ငှာ ခရစ်တော်နှင့် လည်းကောင်း၊ ယုံကြည်သူများ နှင့်လည်းကောင်း အတွင်းကျကျ ချိတ်ဆက် မိတ်သဟာရ ဖွဲ့ကာ တက်ကြွစွာ ပါဝင်လုပ် ဆောင်ခြင်းဖြစ်သည်။

ထို့ကြောင့် မိတ်သဟာ ယဖွဲ့ခြင်းသည် မျက်မှောက် ခေတ် အသင်းတော် များနှင့် ယုံကြည်သူ များ၏ မိတ်သဟာရ အဖွဲ့များအား စိမ်ခေါ်လျှက် ရှိပါသည်။ ယုံကြည်သူ တစ်ဦးဖြစ်ခြင်းသည် မိမိအလိုအတိုင်း အသက်ရှင် သူများမဟုတ်ပါ။ ယုံကြည်ခြင်း အားဖြင့် ဒုတိယမွေးဖွားခြင်း ခံယူပြီးသူများ အချင်းချင်း အသား အရောင်၊ လူမျိုး၊ အဆင့်အတန်းနှင့် အခြေအနေများ အပေါ် အခြေမခံပဲ ခရစ်တော်၏ အသွေးတော် အားဖြင့် ကမ္ဘာတစ်ဝန်းရှိ ယုံကြည်သူ အားလုံး ပါဝင်ပေါင်းစည်း ထားသော အသိုင်းအဝိုင်း ဟုပင် ဆိုနိုင်ပါသည် (ဂလာ၊ ၃း၂၆-၂၈)။

ဤအကြောင်းအရာသည် ခရစ်တော်အားဖြင့် ဘုရားသခင် ဆောင်ရွက်ခဲ့သော အရာဖြစ်ပြီး၊ကမ္ဘာ မတည်မရှိမီကပင် ရှိထားနှင့်သော ဘုရားသခင်၏ ရည်ရွယ်ချက် လည်းဖြစ်သည်(ဧဖက်၊၁း၄-၅)။ ယုံကြည်သူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် အသီးသီးတို့၏ အထဲ၌ မိတ်သဟာယဖွဲ့၍ ဘုရားသခင်၏ ပြုပြင်ခြင်းကို ခံရသောသူ များဖြစ်ကြသည်(၂ကော၊၄း၁၆။ ဖိလိပ္ပိ၊၂း၁-၂။ ၂ကော၊၁၃း၁၄)။ ခရစ်ယာန်မိတ် သဟာယအဖွဲ့ အစည်းသည် လူ့အဖွဲ့အစည်း ဖြစ်သော်လည်း ခရစ်တော်ကို ဗဟိုပြုသည်။ (မုန့်တစ်လုံးမှ ဖဲ့ဝေခြင်း (၁ကော၊၁၀း၁၇)၊


ကနဦးအသင်းတော်ရှိယုံကြည်သူများ။
(တမန်၊၂း၄၂)၌ ရှင်လုကာ အနေဖြင့် ပထမဦးဆုံး ပြောသော ခရစ်ယာန် အသင်းတော် အကြောင်း ဖြစ်သည်။ ကနဦးအသင်းတော်တွင် အောက်ပါအချက်(၄)ချက်အား ယုံကြည်သူတို့ အမြဲလုပ်ဆောင်ကြ ကြောင်းတွေ့ရပါသည်။
-တမန်တော်တို့၏ဆုံးမသြဝါဒကိုခံယူခြင်း (ဓမ္မသစ်ကျမ်းမရှိသေး/ ခရစ်တော်တော်အကြောင်း သိရန်၊
ခရစ်တော်နောက်တော်လိုက်ဖို့နည်းလမ်းများသိရန်/နောက်ပိုင်းဓမ္မသစ်ကျမ်းဖြစ်လာ)
-မိတ်သဟာရဖွဲ့ခြင်း (ဘုံစနစ်/ခရစ်တော်အားဗဟိုပြု/အချင်းချင်းပေါင်းသင်းဆက်ဆံ)
- မုန့်ကိုဖဲ့ခြင်း (သခင်ဘုရား၏ပွဲတော်စာခြင်း-လု၂၂း၁၉)(One in Christ ၁ကော၊၁၀း၁၇)
-ပတ္ထနာပြုခြင်း (ယုံကြည်သူ=စစ်မြေပြင်မှစစ်သားများ၊ ဧဖက်၊၆း၁၂။မာကု၊၉း၂၉/ဆက်သွယ်မှုရှိ)

          မိတ်သဟာရဖွဲ့ခြင်း စကားလုံးသည် ခရစ်ယာန်တစ်ဦးဖြစ်ခြင်း၏ အသက်တာအား ညွန်ပြနေခြင်း လည်းဖြစ်ပါသည်။ ထို့ကြောင့် အသင်းတော်ရှိ ယုံကြည်သူများသည် ဘုရားသခင်ကျွန်ုပ်တို့အား ပေးထားပြီး ဖြစ်သော ကိုယ်ကျိုးစွန့်မေတ္တာ(Agape, selfless)၊ ပူဇော်ခြင်းနှင့်ဆိုင်သောမေတ္တာ(Sacrificial love)၊ မျှေ၀ သောအသက်တာ(Share)များဖြင့် အချင်းချင်းတည်မှီလျက်အသက် ရှင်ရန်ဖြစ်ပါသည်။ မိတ်သဟာရဖွဲ့ခြင်း အားဖြင့်အသင်းတော်၌၊- စသည့်အစရှိသော ဘုရား၏အလိုတော်ကို ပြီးပြည့်စုံစေမည့် အလုပ်များပေါ်ထွက် လာပါလိမ့်မည်။
-လုပ်ငန်းမျိုးစုံအတွက်ခေါင်းဆောင်မှုနည်းလမ်းနှင့် လုပ်ငန်းစဉ်များ
-မတူကွဲပြားလှုပ်ရှားမှုနည်းလမ်းနှင့် လုပ်ငန်းစဉ်များ
- အသင်းတော်၏ လိုအပ်ချက်များအပေါ် အစေခံသည့် နည်းလမ်းနှင့်လုပ်ငန်းစဉ်များ
-ဆုကျေးဇူးတူညီသူများ လက်တွေ့လုပ်ဆောင်သည့်နည်းလမ်းနှင့်လုပ်ငန်းစဉ်များ       
-သာသနာပြုများအား ထောက်ပံ့သည့်နည်းလမ်းနှင့်လုပ်ငန်းစဉ်များ                       
-သာသနာပြုရန် ရရှိလာသော သာသနာပြုကွင်းအမျိုးမျိုးနှင့် လုပ်ငန်းစဉ်များ
- လုပ်ငန်းအမျိုးမျိုးအတွက် ပူးပေါင်းလက်တွဲဆုတောင်းခြင်းအစီစဉ်များ
 -အဖွဲ့အစည်းများအလိုက် အဖွဲ့လိုက်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များ


ဖိလိပ္ပိအသင်းတော်၏မိတ်သဟာရ။
(ဖိလိပ္ပိ၊၁း၁-၂၀)ဖိလိပ္ပိအသင်းတော်မှာရှိတဲ့ အသင်းသူ/သားများအား ရှင်ပေါလုက ဘုရားကိုကျေး ဇူးတော်ချီးမွမ်းထားပါတယ်။
ဧဝံဂေလိဟောလုပ်ငန်း၌ မိတ်သဟာယဖွဲ့ခြင်းကို ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ပြသည်၊-အခန်းငယ်(၃)၊-
ပေါလုသည် ဖိလိပ္ပိအသင်းတော်၌ရှိသော ခရစ်ယာန်များအား  ပြောဆိုထားသော စကားမှာ အလွန် မှတ်သားစရာကောင်းသည့် စကားဖြစ်ပါသည်။ ပေါလုသည် ဖိလိပ္ပိရှိခရစ်ယာန် တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင်ထံကျေးဇူးတော်ချီးမွမ်းခဲ့ပါသည်။ ထို့အတူ (တမန်တော်၊၁၆း၁၄၊ ၁၅၊ ၄၀) လုဒိအတွက်၊ (တမန်၊၁၆း၂၅-၃၄) ထောင်မှူးအတွက် ချီးမွမ်းနိုင်ခဲ့သော်လည်း (ဖိလိပ္ပိ၊၄း၂) ဧဝေါဒိနှင့်သုန္တုတို့အတွက် ပေါလုခမျာဘုရားသခင်ထံ ချီးမွမ်းဖို့ရန်မလွယ်ခဲ့ပါ။ ဧဝံဂေလိတရားထဲ၌ မိတ်သဟာယဖွဲ့ခြင်းသည် အလွန် အရေးကြီးသော အချက်ဖြစ်ပြီး၊ ဝတ်ပြုခြင်း၊ အစေခံဝန်ထမ်ခြင်း များတွင်ပါဝင်သော သူများအားလုံး အတွက် ကြီးမားသည့်အကျိုးကျေးဇူးကိုဖြစ်စေပြီး၊ ဒေါသဖြစ်ခြင်း၊ စိတ်မချမ်းမြေ့ခြင်း ၊မနာလိုဝန် တိုခြင်း အစရှိသော ဘေးရန်များမှလည်း လွတ်မြောက်စေပါသည်။

(မိမိညီအစ်ကို များအတွက်၊ ယုံကြည် သူများအ တွက် သင်မချီး မွမ်းလျှင် ၊ သူတို့အား သင်ငြို ညင်ခြင်းပင်။)
ဧဝံဂေ လိဟော လုပ်ငန်း၌ မိတ်သဟာယ ဖွဲ့ခြင်းကို ဆုတောင်းခြင်း အားဖြင့်ပြသည်၊- အခန်းငယ်(၄)၊-
အဲဒီကျမ်း စကားအား လုံးသည် အလွန်အရေး ကြီးသော စကားများ ဖြစ်ပါသည်။ ဤနေရာတွင် တမန် တော်ကြီး ရှင်ပေါလ၏ ဆုတောင်းချက် စာရင်းကို တွေ့နိုင်ပါသည်။ ယင်းသည် ယုံကြည်သူ ခရစ်ယာန်များ အတွက် ထူးခြားသော အင်အား၊ တန်ခိုးနှင့် အခွင့်ထူး တစ်ရပ်ဖြစ် သကဲ့သို့၊ အသီးအသီး အတွက်ရ လဒ်များကို လည်းဖြစ် ပေါ်စေပါသည်။ ဆုတောင်း ပေးခြင်းသည် ပျော်ရွှင်ခြင်း ရလဒ် ဧဝံဂေလိလုပ် ငန်းအတွက် ကျွန်ုပ်တို့ အားလုံးဆု တောင်းခြင်း အားဖြင့် ပါဝင်ဖို့ရန် လိုပါတယ်။ (ငယ်၊၉-၁၁)မှာ တမန်တော်ရှင် ပေါလု၏ ဖိလိပ္ပိရှိ ခရစ်ယာန်များ အတွက် ဆုတောင်း ပေးခြင်းကို ဥပမာ ယူနိုင်ပါသည်။

ဧဝံဂေလိဟောလုပ်ငန်း၌ မိတ်သဟာယဖွဲ့ခြင်းကို ယုံကြည်ခြင်းအားဖြင့်ပြသည်၊-အခန်းငယ်(၆)၊-
တမန်တော်ရှင်ပေါလုအနေဖြင့် အဲဒီခရစ်ယာန်များအတွက် ယုံကြည်စိတ်ချကြောင်းကို ဖေါ်ပြထား ပါသည်။  ထိုသူတို့၏ယုံကြည်ခြင်းအား နောက်ဆုံးနေ့ရက်အထိ ခိုင်ခန့်မြဲမြန်စေဖို့ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။ လူ့သဘောအရ ယုံကြည်ခြင်း ပျောက်ပျက် သွားဖို့ရန် အလွယ်ပါသည်။ မျက်မှောက် ခေတ်တွင် ပို၍ပင် လွယ်ပါသည်။ ထို့ကြောင့် တမန်တော်ရှင်ပေါလုက သူတို့၏ ယုံကြည်ခြင်း မလျှော့ဖို့ရန် အမြဲလှုံ ဆော်နေရခြင်း ဖြစ်ပါသည်။ (ယောဟန်၊၁း၄၂) ပေတရု၏ အတွင်းစိတ်ကို ထို့အတူပေတရု၏ အားသာ ချက်၊ အားနည်းချက်များ ကိုလည်း သိပါသည်။ ခရစ်တော် ကိုယ်တိုင် သူ့အား တမန်တော် အဖြစ် ရွေးကောက် ခဲ့ပါသည်။ ကျွနု်ပ်တို့ ထဲတွင်လည်း ပေတရုကဲ့သို့ ရွေးကောက်ခံ ထားရသူများ ရှိပါသည်။ ထို့ကြောင့် ထိုသို့သော သူများအတွက် ဆုတောင်းပေးဖို့ရန် အလွန်အရေးကြီး ပါသည်။ (ဧဝံဂေလိ အမှုတော်ဆောင် များပထမ အကြိမ် ညီလာခံ အကြောင်း) 
 
ဧဝံဂေလိဟောလုပ်ငန်း၌ မိတ်သဟာယဖွဲ့ခြင်းကို ချစ်ခြင်းမေတ္တာအားဖြင့်ပြသည်၊-အခန်းငယ်(၇-၈)၊- 
ဖိလိပ္ပိရှိခရစ်ယာန်များ၏အရေးအတွက် တမန်တော်ရှင်ပေါ်လုသည် သူ့၏ဦးနှောက်ထဲတွင်ထည့် ထားခြင်းထက် သူ့၏နှလုံးသားထဲ၌ ထည့်သွင်းထားကြောင်း မြင်တွေ့ခံစားနိုင်ပါသည်။ ထိုသူများနှင့် မတွေ့ရသည်မှာလည်း ကြာမြင့်လှပါပြီဟုဆိုပါသည်။ ဧဝံဂေလိအမှုဆောင်များအနေဖြင့် တစ်ခါတစ်ရံ ဧဝံဂေလိလုပ်ငန်းထဲတွင် ခရစ်ယာန်မိတ်သဟာယဖွဲ့ခြင်းကို ထုတ်ဖေါ်ပြသဖို့ရန် လစ်ဟာမှုများ ရှိကောင်း ရှိနိုင်ပါသည်။ အထူးသဖြင့် အခြားအရေးကိစ္စများနှင့် အလုပ်ရှုပ်ထွေးသည့်အချိန်မျိုး၊ ဖိစီးနှိပ်စက်မှုဒဏ်များ ခံစားရသည့်အချိန်မျိုးတွင်ဖြစ်တတ်ပါသည်။ တမန်တော်ရှင်ပေါလုနှင့်သိလ ထောင်ထဲအကျဉ်းကျနေစဉ် ဖိလိပ္ပိရှိယုံကြည်သူများက မေတ္တာပို့သလျှက်ရှိပါသည်။ (ယော၊၁၃း၃၄-၃၅) ကျမ်းချက်ကိုနှလုံးသွင်းစေချင် ပါသည်။ ဧဝံဂေလိလုပ်ငန်းထဲတွင် ကျွန်ု်ပ်တို့၏မေတ္တာထားမှုနှင့် ကျွန်ုပ်တို့ကိုယ်တိုင် ဝမ်းမြောက်မှု၊ မိတ်သ ဟာယဖွဲ့မှုများကို ကျွန်ုပ်တို့ဆောင်ရွက်ခဲ့ပြီးပြီလားဟု သတိပြုရန်လိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် ခရစ် တော်နှင့်အတူ ခင်မင်ရသူများအပေါ်၌သာမက နေရာအနှံ့တွင်ရှိသော ဘုရား၏လူများ ၊ ပျောက်ဆုံးသော လူသားများအတွက် သဘောထားမည်သို့ရှိပါသနည်း။ နေရာတိုင်းတွင် ကျွန်ု်ပ်တို့၏မေတ္တာထားရန် အမှန် တကယ် လိုအပ်လျှက်ရှိပါသည်။ (၁ကော၊၁၃း၁-၈)ကိုဖတ်ပါ။ 

ဧဝံဂေလိ ဟောလုပ် ငန်း၌ မိတ်သဟာယ ဖွဲ့ခြင်းကို အမှုတော်မြတ် အားဖြင့်ပြသည်၊- အခန်းငယ်(၁၂) ယုံ ကြည် သူတိုင်း သည် အမှုတော်မြတ် အတွက် ခေါ်ယူ ရွေးကောက်ခြင်း ခံရသူများ ဖြစ်ကြပါသည်။ အထူးသဖြင့် ဧဝံဂေလိ သတင်းကောင်း တိုးတက်ပြန့်နှံ့ ဖို့ရန်အတွက် ဖြစ်သည်။ ဧဝံဂေလိ တိုးတက် ပြန့်နှံ့ဖို့ နည်းလမ်း နှစ်ရပ်ရှိပါသည်။ တစ်ရပ်မှာ မိမိ၏ အသက်တာ အားဖြင့်၊ ဒုတိယတစ်ရပ်မှာ မိမိနှုတ် အားဖြင့်ဖြစ် ပါသည်။ ခရစ်ယာန် အသက်ရှင်မှု ပုံစံနှင့်အညီ ခရစ်ယာန်များ အသက်ရှင် ကြသောအခါ ဧဝံဂေလိတရားသည် တညီတ ညွတ်တည်း တိုးတက် ပြန့်နှံ့ပါသည်။ တနည်းအားဖြင့် ဧဝံဂေလိတရား တိုးတက်ပြန့်နှံ့ စေဖို့ရန် အဓိကနေရာတွင် ရှိနေသူများမှာ ကျွန်ုပ်တို့ ယုံကြည်သူ များပင်ဖြစ်သည်။ We advance the Gospel by what we are.အခန်းငယ် (၁၂၊၂၀)တွင် တမန်တော်ကြီး ရှင်ပေါလုသည် စမ်းသတ်ခြင်း အမျိုးမျိုး အားခံရ သည့်ကြားထဲ ဧဝံဂေလိ တရားအတွက် ကြိုးစားရုန်းကန် ခဲ့ခြင်းပင်ဖြစ်သည်။ အလွန်ကြမ်းတမ်း သည့် စစ်ဆေး စမ်းသပ်မှုများကြား ဘုရားဘုန်း ထင်ရှားဖို့ရန် ကြိုးစား ကြိတ်မှိတ် သီးခံခဲ့သည့် အတွက် ၊ ဧဝံဂေလိ သတင်း ကောင်းမှာလည်း ပို၍ပင်တိုးတက် ပြန့်ပွားခဲ့ပါသည်။ တမန်တော်ကြီး၏ အသက်တာတွင် ခရစ်တော်ထင်ဟပ် ပေါ်လွင်သကဲ့သို့ ရှေးကနဦး ယုံကြည်သူများ ဟောပြော သက်သေခံ ကြသည့်အတွက် တစ်နေ့ထက် တစ်နေ့ တိုးတက် ပြန့်ပွားခဲ့ပါသည်။ (၁း၁၉) ခရစ်တော်၏ ဝိညာဉ်တော် မစကူညီမှု အားဖြင့်သာ မိတ်သဟာရ ဖွဲ့ခြင်း ဖြစ်နိုင် ပါတယ်။                                                                                                                                              

နိဂုံး။
ခရစ်ယာန်မိတ်သဟာရဖွဲ့ခြင်းသည်…… 
 -ခရစ်တော်၏ ဝိညာဉ်တော် မစကူညီမှုအားဖြင့်သာဖြစ်သည်။
-ခရစ်တော် အားဦးစွာ ဗဟိုပြုလျှက် ခရစ်တော် အားဖြင့် ယုံကြည်သူ အကြား ဆက်ဆံ ပေါင်း သင်းခြင်း ဖြစ်ပါသည်။ 
-အသင်းတော် အားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပြီးပြည့် စုံစေရန် အတွက် အတူတကွ ပါဝင် လုပ် ဆောင် ခြင်း ဖြစ်သည်။
-ခရစ်တော် ဘုန်းတော် ထင်ရှားဖို့ ဘုရားသခင့် စီမံကိန်း ပြီးပြည့်စုံရန် ဘုရား၏လမ်း စဉ် ဖြစ်ပါတယ်။


Our Sweety Family



You May Also Like

0 Comments